Xiaomi ဖုန်းများကိုယူနီကုဒ်ပြောင်းခြင်း
MiA1, A2 မဟုတ်သော တခြား Xiaomi ဖုန်းများကိုယူနီကုဒ်ပြောင်းခြင်း မိမိဖုန်းက Global ROM သုံးတာလား China ROM ကိုသုံးတာလားဆိုတာသိထားလျင်ပိုကောင်းပါတယ်။ Global Version Global version ဆို Theme> my page> Font ထဲမှာ Mi Lanting (default) font ကိုရွေးပေးပြီး အောက်မှာပေါ်လာတဲ့ apply ကိုနှိပ်၊ အဲဒီနောက်ဖုန်းကို reboot လုပ်လိုက်ပါ။ Theme ထဲမှာ Font ဆိုတာကိုမတွေ့ရလျင် setting > additional settings> region / locale> မှာ မြန်မာကိုရွေးပေးပါ။ ပြီးလျင် Theme ထဲ ပြန်ဝင်ကြည့်ပါ။ Font ဆိုတာပေါ်လာပါမယ်။ Region ကမြန်မာ နဲ့ India မဟုတ်လျင် Theme ထဲမှာ Font ဆိုတာကိုမတွေ့ရပါ။ ပြောင်းနည်း ဗီဒီယိုကြည့်ချင်လျင် https://youtu.be/AQsjG2Vf5d0 China Version China ROM ဖြစ်ရင်တော့ setting> display> System font ထဲမှာ အပေါ်ကလိုပဲ Mi Lanting (default) ကိုရွေးပြီး apply and reboot လုပ်ပါ။ ပြီးလျင်တော့ ယူနီကုဒ်ကီးဘုတ် တခုခုကို ထည့်သုံးလို့ရပါပြီ။ Unicode Keyboards ဘယ်ကီးဘုတ်ကိုသုံးမလဲဆိုတာကတော့ကိုယ့်အကြိုက်နဲ့ကိုယ်ဖြစ်လို့ ယူနီကုဒ်ကီးဘုတ်များနှိုင်းယှဉ်ချက်ကိုပ...