How to add an recovery email to Mi account in Web Browser (part 2 ) (Web Browser သုံး၍ Mi account တွင် email ထည့်သွင်းခြင်း) (Web Browser သုံး၍ Mi account တြင္ email ထည့္သြင္းျခင္း)
Designer account ဖွင့်ချင်လို့ ဖုန်းနံပတ်နဲ့ ဖွင့်ထားတဲ့ Mi account ကို ဖျက်ပြီး Gmail နဲ့ နောက်ထပ် Mi account အသစ်တခု ထပ်ဖွင့်စရာမလိုပါဘူး။ လက်ရှိ ရှိပြီးသား Mi account မှာ email ( Gmail) ထပ်ဖြည့်ပေးလိုက်ရင် ရပါတယ်။ Mi account မှာ ဖုန်းနံပတ်ရော email ( Gmail) ပါပါရှိတာက အကောင့် လုံခြုံရေး အတွက်လဲ ပိုကောင်းပါတယ်။
အဲဒီလို လက်ရှိ ဖုန်းနံပတ်နဲ့ ဖွင့်ထားတဲ့ဖုန်းမှာ email ( Gmail) ထပ်ထည့်မယ်ဆိုရင် လိုအပ်တာတွေကတော့.
၂. ဝင်လာတဲ့ စာတွေကို အချိန်မရွေး ကိုယ်တိုင် ဖွင့်ဖတ်နိုင်တဲ့ ကိုယ်ပိုင် Active email ( Gmail)
၃. ဝင်လာတဲ့ မက်ဆေ့ကို လက်ခံရန် Mi account ဖွင့်ထားတဲ့ နံပတ်နဲ့ဖုန်း
၄. internet connection
(Designer account ဖြင့္ခ်င္လို႔ ဖုန္းနံပတ္နဲ႔ ဖြင့္ထားတဲ့ Mi account ကို ဖ်က္ၿပီး Gmail နဲ႔ ေနာက္ထပ္ Mi account အသစ္တခု ထပ္ဖြင့္စရာမလိုပါဘူး။ လက္ရွိ ရွိၿပီးသား Mi account မွာ email ( Gmail) ထပ္ျဖည့္ေပးလိုက္ရင္ ရပါတယ္။ Mi account မွာ ဖုန္းနံပတ္ေရာ email ( Gmail) ပါပါရွိတာက အေကာင့္ လုံျခဳံေရး အတြက္လဲ ပိုေကာင္းပါတယ္။
အဲဒီလို လက္ရွိ ဖုန္းနံပတ္နဲ႔ ဖြင့္ထားတဲ့ဖုန္းမွာ email ( Gmail) ထပ္ထည့္မယ္ဆိုရင္ လိုအပ္တာေတြကေတာ့.
1. Mi account
2. ဝင္လာတဲ့ စာေတြကို ကိုယ္တိုင အခ်ိန္မေရြး ဖြင့္ဖတ္နိုင္တဲ့ ကိုယ္ပိုင္ Active email ( Gmail)
3. ဝင္လာတဲ့ မက္ေဆ့ကို လက္ခံရန္ Mi account ဖြင့္ထားတဲ့ နံပတ္နဲ႔ဖုန္း
4. internet connection
ဒီအပိုင်း ၂ မှာတော့ Web Browser ကိုသုံးပြီး လုပ်ပြမှာပါ Web Browser သုံးပြီးလုပ်တာက ကွန်ပြူတာနဲ့ ဖုန်းမှာ လုပ်တာ အတူတူပါပဲ.
ဒီအပိုင္း ၂ မွာေတာ့ Web Browser ကိုသုံးၿပီး လုပ္ျပမွာပါ။ Web Browser သုံးၿပီးလုပ္တာက ကြန္ျပဴတာနဲ႔ ဖုန္းမွာ လုပ္တာ အတူတူပါပဲ.
1. Web Browser မွာ https://account.xiaomi.com ကိုဖြင့္၍ Mi account ကို ဝင္ပါ။
1.
Recovery email ( Gmail) ဖြည့်ဖို့
Security Check up ခေါင်းစဉ်အောက်က email (None လို့ပြနေမယ်) ကို နှိပ်ပါ.
2. Recovery email ( Gmail) ျဖည့္ဖို႔ Security Check up ေခါင္းစဥ္ေအာက္က email (None လို႔ျပေနမယ္) ကို ႏွိပ္ပါ
3.
email
ထပ်ဖြည့်ရန် Mi account ကမိမိ
အကောင့် ဖြစ်ကြောင်း သက်သေပြရန် Mi account ဖွင့်ထားတဲ့ ဖုန်းနံပတ်ကို စိစစ်ရေး နံပတ် (Verification code) ပို့ရန်အတွက် ပြထားတာ မိမိဖုန်းနံပတ်
ဟုတ်မဟုတ် စိစစ်၍
Send ကို နှိပ်ပါ။
3. email ထပ္ျဖည့္ရန္ Mi account ကမိမိ အေကာင့္ ျဖစ္ေၾကာင္း သက္ေသျပရန္ Mi account ဖြင့္ထားတဲ့ ဖုန္းနံပတ္ကို စိစစ္ေရး နံပတ္ (Verification code) ပို႔ရန္အတြက္ ျပထားတာ မိမိဖုန္းနံပတ္ ဟုတ္မဟုတ္ စိစစ္၍ Send ကို ႏွိပ္ပါ။
4. Mi service မှ ကုဒ်နံပတ်ကို အကောင့် မှတ်ပုံတင်ထားသော ဖုန်းသို့ မက်ဆေဖြင့်ပိုပါမည်။
4. Mi service မွ ကုဒ္နံပတ္ကို အေကာင့္ မွတ္ပုံတင္ထားေသာ ဖုန္းသို႔ မက္ေဆျဖင့္ပိုပါမည္။
5 .
မက်ဆေ့နဲ့ပို့လာတဲ့
ကုဒ်နံပတ်ကိုဖွင့်တဲ့ အခါ လက်ရှိ
setting နေရာကနေ လုံးဝ (လုံးဝ) မထွက်ပါနဲ့။
ဒီအတိုင်းထားပါ။ ဝင်လာတဲ့ မက်ဆေ့ကို နိုတီဘားမှာ ဖတ်လို့မရလျင် နိုတီဘားမှ ဆွဲချ၍ဖွင့်ပါ။
5 . မက္ေဆ့နဲ႔ပို႔လာတဲ့ ကုဒ္နံပတ္ကိုဖြင့္တဲ့ အခါ လက္ရွိ setting ေနရာကေန လုံးဝ (လုံးဝ) မထြက္ပါနဲ႔။ ဒီအတိုင္းထားပါ။ ဝင္လာတဲ့ မက္ေဆ့ကို နိုတီဘားမွာ ဖတ္လို႔မရလ်င္ နိုတီဘားမွ ဆြဲခ်၍ဖြင့္ပါ။
6.
တမိနစ်ကျော်လို့မှ မက်ဆေ့မရောက်လျင် Resend ကိုနှိပ်၍
ထပ်တောင်းနိုင်သည်။
6. တမိနစ္ေက်ာ္လို႔မွ မက္ေဆ့မေရာက္လ်င္ Resend ကိုႏွိပ္၍ ထပ္ေတာင္းနိုင္သည္။
7. ထပ်တောင်းပါက မက်ဆေ့ ၂ခုလုံးဝင်လာလျင် ကုဒ်မှားနိုင်ပါသည်။ မက်ဆေ့ ရောက်ချိန်ကို ကြည့်ပြီး နောက်ဆုံးမက်ဆေ့ခ်ျက ကုဒ်ကိုယူပါ။
7. ထပ္ေတာင္းပါက မက္ေဆ့ ၂ခုလုံးဝင္လာလ်င္ကုဒ္မွားနိုင္ပါသည္။ မက္ေဆ့ ေရာက္ခ်ိန္ကို ၾကည့္ၿပီး ေနာက္ဆုံးမက္ေဆ့ခ္်က ကုဒ္ကိုယူပါ။
8. မက်ဆေ့ဖွင့် ပြီး ကုဒ်နံပတ် ကူးလျင် မက်ဆေ့မှ
ပြန်ထွက်ပါက Back ကို တချက်ချင်း ဖြည်းဖြည်း နှိပ် ထွက်လျင် စောစောက ချန်ထားခဲ့
သော ဆက်တင် မှကုဒ်ဖြည့်ရန်နေရာကို ပြန်ရောက်ပါသည်။
Back ကို မြန်မြန်နှိပ်မိ၍ ဆက်တင်ပါ
ပြန်ထွက်သွားပါက၊ ရလာသည့်ကုဒ်ဖြည့်ရန် နေရာမရှိတော့ သဖြင့် အစမှ ပြန်စရပါလိမ့်မည်။
8. မက္ေဆ့ဖြင့္ ၿပီး ကုဒ္နံပတ္ ကူးလ်င္ မက္ေဆ့မွ ျပန္ထြက္ပါက Back ကို တခ်က္ခ်င္း ျဖည္းျဖည္း ႏွိပ္ ထြက္လ်င္ ေစာေစာက ခ်န္ထားခဲ့ ေသာ ဆက္တင္ မွကုဒ္ျဖည့္ရန္ေနရာကို ျပန္ေရာက္ပါသည္။
Back ကို ျမန္ျမန္ႏွိပ္မိ၍ ဆက္တင္ပါ ျပန္ထြက္သြားပါက၊ ရလာသည့္ကုဒ္ျဖည့္ရန္ ေနရာမရွိေတာ့ သျဖင့္ အစမွ ျပန္စရပါလိမ့္မည္။
9.
သို့မဟုတ်ပါက ဝဲဘက် အောက်က Menu ခလုပ်ကို တချက်နှိပ်ပြီး
Recent
apps တွေ ထဲမှ setting ကို ဖွင့်၍လဲရပါသည်။
9. သို႔မဟုတ္ပါက ဝဲဘက္ ေအာက္က Menu ခလုပ္ကို တခ်က္ႏွိပ္ၿပီး Recent apps ေတြ ထဲမွ setting ကို ဖြင့္၍လဲရပါသည္။
10. ရလာတဲ့ကုဒ်ကို ဝဲဘက်က အကွက်မှာပြန်ဖြည့်ပြီး Submit ကိုနှိပ်ပါ။
10. ရလာတဲ့ကုဒ္ကို ဝဲဘက္က အကြက္မွာျပန္ျဖည့္ၿပီး Submit ကိုႏွိပ္ပါ။
11.
ပြီးလျင်တော့ email address ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်ရဲ့ email (Gmail) ကို ဖြည့်ပြီး ပြီးလျှင် ယာဘက်မှ
စာလိမ်ကို ဝဲဘက်က အကွက်သို့ ကူးထည့်ပါ
ပြီးလျင်
Next ကိုနှိပ်ပါ။
11. ၿပီးလ်င္ေတာ့ email address ဆိုတဲ့ အကြက္ထဲမွာ ကိုယ့္ရဲ့ email (Gmail) ကို ျဖည့္ၿပီး ၿပီးလၽွင္ ယာဘက္မွ စာလိမ္ကို ဝဲဘက္က အကြက္သို႔ ကူးထည့္ပါ
ၿပီးလ်င္ Next ကိုႏွိပ္ပါ။
12.
Mi
service မှ မိမိပေးထားသော email (Gmail) သို့
အတည်ပြုရန် (verification
code) ကုဒ် ကိုပို့ပါမည်။ ထို အီးမေးလ်ကိုဖွင့်၍ ကုဒ်ကို ပေးထားသော ကွက်လပ်မှာ
ဖြည့်ပေးရပါမည်။
ကုဒ်ဖြည့်ရန်
ပေ့ခ်ျ မပျောက်စေရန် Browser ကို လူံးဝ မပိတ်ပါနဲ့ ။
Back နဲ့ မထွက်ပါနဲ့။
12. Mi service မွ မိမိေပးထားေသာ email (Gmail) သို႔ အတည္ျပဳရန္ (verification code) ကုဒ္ကိုပို႔ပါမည္။ ထို အီးေမးလ္ကိုဖြင့္၍ ကုဒ္ကို ေပးထားေသာ ကြက္လပ္မွာ ျဖည့္ေပးရပါမည္။
ကုဒ္ျဖည့္ရန္ ေပ့ခ္် မေပ်ာက္ေစရန္ Browser ကို လူံးဝ မပိတ္ပါနဲ႔ ။ Back နဲ႔ မထြက္ပါနဲ႔။
13.
ဝင်လာသော email ကို Notification
bar မှဖြစ်စေ Gmail app မှဖြစ်စေ ဖွင့်ပါ။
13. ဝင္လာေသာ email ကို Notification bar မွျဖစ္ေစ Gmail app မွျဖစ္ေစ ဖြင့္ပါ။
14.
မိမိ email
(Gmail) ကို အတည်ပြုရန် ဝင်လာသောစာမှ ကုဒ်နံပတ်ကို
ကူးယူပါ။ ပြီး လျင် Gmail ကို back နဲ့ တချက်ချင်း ထွက်ပါက စောစောက
မပိတ်ဘဲ ထားခဲ့ တဲ့
web browser ကို
ရောက်ပါတယ်။ Back ကို မြန်မြန်နှိပ်မိ၍ web browser ပါ ပြန်ထွက်သွားပါက၊ ရလာသည့်ကုဒ်ဖြည့်ရန် နေရာမရှိတော့
သဖြင့် အစမှ ပြန်စရပါလိမ့်မည်။
14. မိမိ email (Gmail) ကို အတည္ျပဳရန္ ဝင္လာေသာစာမွ ကုဒ္နံပတ္ကို ကူးယူပါ။ ၿပီး လ်င္ Gmail ကို back နဲ႔ တခ်က္ခ်င္း ထြက္ပါက ေစာေစာက မပိတ္ဘဲ ထားခဲ့ တဲ့ web browser ကို ေရာက္ပါတယ္။ Back ကို ျမန္ျမန္ႏွိပ္မိ၍ web browser ပါ ျပန္ထြက္သြားပါက၊ ရလာသည့္ကုဒ္ျဖည့္ရန္ ေနရာမရွိေတာ့ သျဖင့္ အစမွ ျပန္စရပါလိမ့္မည္။
15.
သို့မဟုတ်ပါက ဝဲဘက် အောက်က Menu ခလုပ်ကို တချက်နှိပ်ပြီး
Recent
apps တွေ ထဲမှ web browser ကို ဖွင့်၍လဲရပါသည်။ Home ကိုနှိပ်ပြီး
Browser ဖွင့်လဲ ရပါတယ်။
15. သို႔မဟုတ္ပါက ဝဲဘက္ ေအာက္က Menu ခလုပ္ကို တခ်က္ႏွိပ္ၿပီး Recent apps ေတြ ထဲမွ web browser ကို ဖြင့္၍လဲရပါသည္။ Home ကိုႏွိပ္ၿပီး Browser ဖြင့္လဲ ရပါတယ္။
16.
ရလာတဲ့ကုဒ်ကို ဝဲဘက်က အကွက်မှာပြန်ဖြည့်ပြီး OK ကိုနှိပ်ပါ။
16 ရလာတဲ့ကုဒ္ကို ဝဲဘက္က အကြက္မွာျပန္ျဖည့္ၿပီး OK ကိုႏွိပ္ပါ။
17.
အဲဒီလို အတည်ပြုပေးပြီးလျင်တော့ ကိုယ့်ရဲ့ Mi account မှာ
email (Gmail) ချိတ်ပြီးသွားပါပြီ။ Mi
account မှာ
email ပါရှိပြီ
ဖြစ်၍
Designer account ဖွင့်ချင်လျင် ဖွင့်လို့ရပါပြီ။
17. အဲဒီလို အတည္ျပဳေပးၿပီးလ်င္ေတာ့ ကိုယ့္ရဲ့ Mi account မွာ email (Gmail) ခ်ိတ္ၿပီးသြားပါၿပီ။ Mi account မွာ email ပါရွိၿပီ ျဖစ္၍ Designer account ဖြင့္ခ်င္လ်င္ ဖြင့္လို႔ရပါၿပီ။
အားလုံး
အဆင်ပြေကြပါစေ
အားလုံး
အဆင္ေျပၾကပါေစ
ဖိုးသုည
၇-၄-၂၀၁၇




















Comments
Post a Comment