Adding recovery email to an Mi account ( Mi account setting တွင် email ထပ်ဖြည်ခြင်း)( Mi account setting တြင္ email ထပ္ျဖည္ျခင္း)

How to add an recovery email to Mi account (Mi account တွင် email ထည့်သွင်းခြင်း)

Designer account ဖွင့်ချင်လို့ ဖုန်းနံပတ်နဲ့ ဖွင့်ထားတဲ့ Mi account  ကို ဖျက်ပြီး  Gmail  နဲ့  နောက်ထပ် Mi account အသစ်တခု ထပ်ဖွင့်စရာမလိုပါဘူးလက်ရှိ ရှိပြီးသား  Mi account မှာ email ( Gmail)  ထပ်ဖြည့်ပေးလိုက်ရင် ရပါတယ်။ Mi account  မှာ ဖုန်းနံပတ်ရော email ( Gmail)  ပါပါရှိတာက အကောင့် လုံခြုံရေး အတွက်လဲ ပိုကောင်းပါတယ်။
အဲဒီလို လက်ရှိ ဖုန်းနံပတ်နဲ့ ဖွင့်ထားတဲ့ဖုန်းမှာ email ( Gmail)  ထပ်ထည့်မယ်ဆိုရင် လိုအပ်တာတွေကတော့.
1.       Mi account
2.        ဝင်လာတဲ့ စာတွေကို ကိုယ်တိုင် အချိန်မရွေး ဖွင့်ဖတ်နိုင်တဲ့ ကိုယ်ပိုင် Active email ( Gmail)
3.       ဝင်လာတဲ့ မက်ဆေ့ကို လက်ခံရန် Mi account  ဖွင့်ထားတဲ့ နံပတ်နဲ့ဖုန်း


Mi account မှာ  email ထည့်နိုင်တဲ့နည်း၃ခုရှိပါတယ်။ 
. မီအကောင့်ဝင်ထားတဲ့ ဖုန်းရဲ့ ဆက်တင်ထဲမှာ။
. ဖုန်းရဲ့ ဝက်ဘ် ဘရောင်ဇာမှာ
. ကွန်ပြူတာ ဝက်ဘ်ဘရောင်ဇာမှာ.

(Designer account ဖြင့္ခ်င္လို႔ ဖုန္းနံပတ္နဲ႔ ဖြင့္ထားတဲ့ Mi account  ကို ဖ်က္ၿပီး  Gmail  နဲ႔  ေနာက္ထပ္ Mi account အသစ္တခု ထပ္ဖြင့္စရာမလိုပါဘူး။ လက္ရွိ ရွိၿပီးသား  Mi account မွာ email ( Gmail)  ထပ္ျဖည့္ေပးလိုက္ရင္ ရပါတယ္။ Mi account  မွာ ဖုန္းနံပတ္ေရာ email ( Gmail)  ပါပါရွိတာက အေကာင့္ လုံျခဳံေရး အတြက္လဲ ပိုေကာင္းပါတယ္။
အဲဒီလို လက္ရွိ ဖုန္းနံပတ္နဲ႔ ဖြင့္ထားတဲ့ဖုန္းမွာ email ( Gmail)  ထပ္ထည့္မယ္ဆိုရင္ လိုအပ္တာေတြကေတာ့.
1.       Mi account
2.       ဝင္လာတဲ့ စာေတြကို  ကိုယ္တိုင္အခ်ိန္မေရြး ဖြင့္ဖတ္နိုင္တဲ့ ကိုယ္ပိုင္ Active email ( Gmail)
3.       ဝင္လာတဲ့ မက္ေဆ့ကို လက္ခံရန္ Mi account  ဖြင့္ထားတဲ့ နံပတ္နဲ႔ဖုန္း


Mi account မွာ  email ထည့္နိုင္တဲ့နည္း၃ခုရွိပါတယ္။ 
၁. မီအေကာင့္ဝင္ထားတဲ့ ဖုန္းရဲ့ ဆက္တင္ထဲမွာ။
၂. ဖုန္းရဲ့ ဝက္ဘ္ ဘေရာင္ဇာမွာ
၃. ကြန္ျပဴတာ ဝက္ဘ္ဘေရာင္ဇာမွာ.ဪ 

ပထမဆုံး မီအကောင့်ဝင်ထားတဲ့ ဖုန်းရဲ့ ဆက်တင်ထဲမှာ email ( Gmail)ထပ်ဖြည့်တာကို အရင် လုပ်ပြပါမယ်။

ပထမဆုံး မီအေကာင့္ဝင္ထားတဲ့ ဖုန္းရဲ့ ဆက္တင္ထဲမွာ email ( Gmail)ထပ္ျဖည့္တာကို အရင္ လုပ္ျပပါမယ္။


      ၁. ဖုန်းရဲ့ setting ထဲက  Mi account ကို ဝင်ပါ
၁     ၁.  ဖုန္းရဲ့ setting ထဲက  Mi account ကို ဝင္ပါ။





2      ၂. ကိုယ်ရေး အချက် အလက်တွေကို ဖြည့်ဖို့ အကောင့် နာမည်နဲ့ နံပတ် နေရာကို နှိပ်ပါ။
      ၂. ကိုယ္ေရး အခ်က္ အလက္ေတြကို ျဖည့္ဖို႔ အေကာင့္ နာမည္နဲ႔ နံပတ္ ေနရာကို ႏွိပ္ပါ။


3      ၃.  အကောင့်မှာ email ထပ်ဖြည့်ရန် Phone & email ခေါင်းစဉ်အောက်က email (None လို့ပြနေမယ်)  ကို နှိပ်ပါ.
      ၃.  အေကာင့္မွာ email ထပ္ျဖည့္ရန္ Phone & email ေခါင္းစဥ္ေအာက္က email (None လို႔ျပေနမယ္)  ကို ႏွိပ္ပါ.ေနရာကို ႏွိပ္ပါ။


၄.     email ထပ်ဖြည့်ရန် Mi account ကမိမိ အကောင့် ဖြစ်ကြောင်း သက်သေပြရန် ဆက်လုပ်ဖို့ OK  ကို နှိပ်ပါ။
       ၄.     email ထပ္ျဖည့္ရန္ Mi account ကမိမိ အေကာင့္ ျဖစ္ေၾကာင္း သက္ေသျပရန္ ဆက္လုပ္ဖို႔ OK  ကို ႏွိပ္ပါ။ (None လို႔ျပေနမယ္)  ကို ႏွိပ္ပါ.ေနရာကို ႏွိပ္ပါ။


5    ၅   Mi account  ဖွင့်ထားတဲ့ ဖုန်းနံပတ်ကို စိစစ်ရေး နံပတ် (Verification code) ပို့ရန် မိမိဖုန်းနံပတ် ဟုတ်မဟုတ် စိစစ်၍ Send ကို နှိပ်ပါ။
       ၅   Mi account  ဖြင့္ထားတဲ့ ဖုန္းနံပတ္ကို စိစစ္ေရး နံပတ္ (Verification code) ပို႔ရန္ မိမိဖုန္းနံပတ္ ဟုတ္မဟုတ္ စိစစ္၍ Send ကို ႏွိပ္ပါ။


6     ၆.  ပြီးလျှင် ယာဘက်မှ စာလိမ်ကို ဝဲဘက်က အကွက်သို့ ကူးထည့်ပါ။
     ၆.  ၿပီးလၽွင္ ယာဘက္မွ စာလိမ္ကို ဝဲဘက္က အကြက္သို႔ ကူးထည့္ပါ။




7    ၇.    ပြီးလျှင် Submit ကို နှိပ်ပါ။ Mi service မှ ကုဒ်နံပတ်ကို အကောင့် မှတ်ပုံတင်ထားသော ဖုန်းသို့ မက်ဆေ့ဖြင့်ပို့ပါမည်။
       ၇.   ၿပီးလၽွင္ Submit ကို ႏွိပ္ပါ။ Mi service မွ ကုဒ္နံပတ္ကို အေကာင့္ မွတ္ပုံတင္ထားေသာ ဖုန္းသို႔ မက္ေဆ့ျဖင့္ပို႔ပါမည္။


        ၈. မက်ဆေ့နဲ့ပို့လာတဲ့ ကုဒ်နံပတ်ကိုဖွင့်တဲ့ အခါ လက်ရှိ setting နေရာကနေ လုံးဝ (လုံးဝ) မထွက်ပါနဲ့။ ဒီအတိုင်းထားပါ။ ဝင်လာတဲ့ မက်ဆေ့ကို နိုတီဘားမှာ ဖတ်လို့မရလျင် နိုတီဘားမှ ဆွဲချ၍ဖွင့်ပါ။
     ၈. မက္ေဆ့နဲ႔ပို႔လာတဲ့ ကုဒ္နံပတ္ကိုဖြင့္တဲ့ အခါ လက္ရွိ setting ေနရာကေန လုံးဝ (လုံးဝ) မထြက္ပါနဲ႔။ ဒီအတိုင္းထားပါ။ ဝင္လာတဲ့ မက္ေဆ့ကို နိုတီဘားမွာ ဖတ္လို႔မရလ်င္ နိုတီဘားမွ ဆြဲခ်၍ဖြင့္ပါ။


9     ၉. တမိနစ်ကျော်လို့မှ မက်ဆေ့မရောက်လျင် Resend ကိုနှိပ်၍ ထပ်တောင်းနိုင်သည်။ 
     ၉. တမိနစ္ေက်ာ္လို႔မွ မက္ေဆ့မေရာက္လ်င္ Resend ကိုႏွိပ္၍ ထပ္ေတာင္းနိုင္သည္။ 


         ၁၀. ကုဒ် ထပ်တောင်းပါက မက်ဆေ့ ၂ခုလုံးဝင်လာလျင် မှားနိုင်ပါသည်။ မက်ဆေ့ ရောက်ချိန်ကို ကြည့်ပြီး နောက်ဆုံးမက်ဆေ့ခ်ျက ကုဒ်ကိုယူပါ။
         ၁၀. ကုဒ္ ထပ္ေတာင္းပါက မက္ေဆ့ ၂ခုလုံးဝင္လာလ်င္ မွားနိုင္ပါသည္။ မက္ေဆ့ ေရာက္ခ်ိန္ကို ၾကည့္ၿပီး ေနာက္ဆုံးမက္ေဆ့ခ္်က ကုဒ္ကိုယူပါ။။ 



          ၁၁.  မက်ဆေ့ဖွင့် ပြီး ကုဒ်နံပတ် ကူးလျင် မက်ဆေ့မှ ပြန်ထွက်ပါက Back ကို တချက်ချင်း  ဖြည်းဖြည်း နှိပ် ထွက်လျင် စောစောက ချန်ထားခဲ့ သော ဆက်တင် မှကုဒ်ဖြည့်ရန်နေရာကို ပြန်ရောက်ပါသည်
      Back ကို မြန်မြန်နှိပ်မိ၍ ဆက်တင်ပါ ပြန်ထွက်သွားပါက၊ ရလာသည့်ကုဒ်ဖြည့်ရန် နေရာမရှိတော့ သဖြင့် အစမှ ပြန်စရပါလိမ့်မည်။
          ၁၁.  မက္ေဆ့ဖြင့္ ၿပီး ကုဒ္နံပတ္ ကူးလ်င္ မက္ေဆ့မွ ျပန္ထြက္ပါက Back ကို တခ်က္ခ်င္း  ျဖည္းျဖည္း ႏွိပ္ ထြက္လ်င္ ေစာေစာက ခ်န္ထားခဲ့ ေသာ ဆက္တင္ မွကုဒ္ျဖည့္ရန္ေနရာကို ျပန္ေရာက္ပါသည္။

      Back ကို ျမန္ျမန္ႏွိပ္မိ၍ ဆက္တင္ပါ ျပန္ထြက္သြားပါက၊ ရလာသည့္ကုဒ္ျဖည့္ရန္ ေနရာမရွိေတာ့ သျဖင့္ အစမွ ျပန္စရပါလိမ့္မည္။


1    ၁၂.   သို့မဟုတ်ပါက ဝဲဘက် အောက်က Menu ခလုပ်ကို တချက်နှိပ်ပြီး Recent apps တွေ ထဲမှ setting ကို ဖွင့်၍လဲရပါသည်။
   ၁၂.   သို႔မဟုတ္ပါက ဝဲဘက္ ေအာက္က Menu ခလုပ္ကို တခ်က္ႏွိပ္ၿပီး Recent apps ေတြ ထဲမွ setting ကို ဖြင့္၍လဲရပါသည္။


1    ၁၃. မက်ဆေ့နဲ့ ရလာတဲ့ကုဒ်ကို ဝဲဘက်က အကွက်မှာပြန်ဖြည့်ပြီး Submit  ကိုနှိပ်ပါ။
    ၁၃. မက္ေဆ့နဲ႔ ရလာတဲ့ကုဒ္ကို ဝဲဘက္က အကြက္မွာျပန္ျဖည့္ၿပီး Submit  ကိုႏွိပ္ပါ။





         ၁၄  ပြီးလျင်တော့ email address ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်ရဲ့ email (Gmail) ကို ဖြည့်ပြီး Next ကိုနှိပ်       ပါ။
       ၁၄  ၿပီးလ်င္ေတာ့ email address ဆိုတဲ့ အကြက္ထဲမွာ ကိုယ့္ရဲ့ email (Gmail) ကို ျဖည့္ၿပီး Next ကိုႏွိပ္ပါ။




1      ၁၅. Mi service မှ မိမိပေးထားသော email (Gmail) သို့ အတည်ပြုရန် (verification email) စာတစောင်          ပို့ပါမည်။ ထိုစာကိုဖွင့်၍ ပေးထားသောလင့်ကိုနှိပ်ပြီး မိမိ email (Gmail) ကို အတည်ပြုရပါမည်။  
      ၁၅. Mi service မွ မိမိေပးထားေသာ email (Gmail) သို႔ အတည္ျပဳရန္ (verification email) စာတေစာင္  ပို႔ပါမည္။ ထိုစာကိုဖြင့္၍ ေပးထားေသာလင့္ကိုႏွိပ္ၿပီး မိမိ email (Gmail) ကို အတည္ျပဳရပါမည္။  






1      ၁၆.  ဝင်လာသော email ကို Notification bar မှဖြစ်စေ Gmail app မှဖြစ်စေ ဖွင့်ပါ။
     ၁၆.  ဝင္လာေသာ email ကို Notification bar မွျဖစ္ေစ Gmail app မွျဖစ္ေစ ဖြင့္ပါ။









         ၁၇.   မိမိ email (Gmail) ကို အတည်ပြုရန် ဝင်လာသောစာမှ  Here  ကိုနှိပ်ပေးပါ။ 
          ၁၇.   မိမိ email (Gmail) ကို အတည္ျပဳရန္ ဝင္လာေသာစာမွ  Here  ကိုႏွိပ္ေပးပါ။




        
                  ၁၈. အဲဒီလို အတည်ပြုပေးပြီးလျင်တော့ ကိုယ့်ရဲ့ Mi account မှာ email  (Gmail) ချိတ်ပြီးသွားပါ                        ပြီ။
                    ၁၈. အဲဒီလို အတည္ျပဳေပးၿပီးလ်င္ေတာ့ ကိုယ့္ရဲ့ Mi account မွာ email  (Gmail) ခ်ိတ္ၿ             ပီး  သြားပါ  ၿပီ။



           ၁၉. .  Mi account  မှာ email  ပါရှိပြီ ဖြစ်၍  ဤအကောင့်ကိုသုံးပြီး Designer account ဖွင့်ချင်လျင် ဖွင့်လို့ရပါပြီ။
          ၁၉. Mi account  မွာ email  ပါရွိၿပီ ျဖစ္၍  ဤအေကာင့္ကိုသုံးၿပီး Designer account ဖြင့္ခ်င္လ်င္ ဖြင့္လို႔ရပါၿပီ။

         အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။
         ဖိုးသုည
         ၆-၄-၂၀၁၇

         အားလုံး အဆင္ေျပၾကမယ္လို႔ ေမၽွာ္လင့္ပါတယ္။
         ဖိုးသုည

         ၆-၄-၂၀၁၇

Comments

Popular posts from this blog

Miui Theme creator app ကို သုံးပြီး ကိုယ်ပိုင် Theme တခုကို ဖန်တီးပုံ (Miui Theme creator app ကို သုံးၿပီး ကိုယ္ပိုင္ Theme တခုကို ဖန္တီးပုံ)

How to add an recovery email to Mi account in Web Browser (part 2 ) (Web Browser သုံး၍ Mi account တွင် email ထည့်သွင်းခြင်း) (Web Browser သုံး၍ Mi account တြင္ email ထည့္သြင္းျခင္း)

Xiaomi ဖုန်းများကိုယူနီကုဒ်ပြောင်းခြင်း